shayi sha ni shamawn la mu yaw :-)

အာလူး၊
ငါးဖယ်ခြစ်၊
ဂျင်း၊
ကြက်သွန်ဖြူ၊
ငရုတ်ကောင်း၊
ဆား၊
ဆီ၊
ဟင်းခတ်မှုန်။
ပြုလုပ်နည်း
အာလူးခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီး အလွှာပါးပါးလေးတွေ ရအောင် လှီးထားပါ။ ငါးဖယ်ကို ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး အနည်းငယ် ထောင်း ပေးပါ။
ပြီးရင် ပါးပါးလွှာထားတဲ့ အာလူးထဲကို အရသာသွင်းထားတဲ့ ငါးဖယ်ထည့်လိပ်ပါ။ အလိပ်မပြည်သွားအောင် ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးပါ။ အလိပ်လေးတွေ လိုသလောက် ရပြီဆိုရင် ဆီအိုးကိုတည်ပါ။
ဆီပူလာရင် ငါဖယ်လိပ်လေးတွေကို ထည့်ကြော်ပါ။ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာရင် အိုးထဲက ဆယ်လို့ရပါပြီ။ ဒါဆိုရင် တော့ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ အရသာ ရှိလှတဲ့ အာလူးငါးဖယ်လိပ်ကြော်ရပါပြီ။
Ref : Myanmar Times
No comments:
Post a Comment