
(swesonemedia)-အမေရိကန်နိုင်ငံ
Texasပြည်နယ်မှ အသက်၄၃ နှစ်အရွယ် Katyhayesဆိုသူ အမျိုးသမီးဟာ
ဘော်စတွန်ဆေးရုံမှာ တံတောင်ဆစ် အပေါ်မှ လက်မောင်းနှစ်ဖက်ကို
ပထမဆုံးအစားထိုးခံယူမယ့် အမျိုးသမီးဖြစ်လာတော့မယ်လို့ စက်တင်ဘာလ
၁၂ရက်နေ့ထုတ် ဂျာနယ်တွေမှာ ဖော်ပြထားပါတယ်။ ကလေးသုံးယောက်အမေ သူမဟာ၂၀၁၀
ပြည့်နှစ်က သူ့သမီးကို မွေးအပြီး သွေးဆိပ်တက်တာ (Streptococcal Infection)
ကြောင့်ခြေ၊လက် လေးဖက်စလုံးကို ဖြတ်တောက် ခံခဲ့ရတယ်လို့ သိရပါတယ်။
ယခုအခါမှာ လက်မောင်းနှစ်ဖက် အစားထိုး ခံယူဖို့
ဘရင်ဟမ်အမျိုးသမီးဆေးရုံမှာ ခွဲစိတ်ကုသခံယူဖို့ ကြိုတင် စစ်ဆေးမှုတွေ
ပြုလုပ်ပြီး ဆေးအောင်တာကြောင့် ခွဲစိတ်ခံယူဖို့ အသင့် ဖြစ်နေတယ်လို့
ဆိုပါတယ်။ အဲဒီဆေးရုံအနေနဲ့ ဘဏ်တစ်ခုနဲ့ ဆက်သွယ်ပြီး Hayesရဲ့
ရောဂါကုသဖို့အတွက် အလှူခံနေတယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment